မြေ ကျူး ကျော် နေ ထိုင် ခြင်း များ

မြေကို ပိုင် ဆိုင် မှု စာတမ်း အထောက် အထား များသာ ရ ရှိ ထား ပြီး မြေ ကွက် လက် မဲ့ ဖြစ် နေ သူ နှင့် မြေ ခွန် ပြေ စာ များ ထမ်း ဆောင် နေ ကာ နှစ်ပေါင်း (၁၂ နှစ်) ထက် ကျော် ကျူး ကျော် နေ ထိုင်သူ များ မှာ မြေ ပိုင် ဆိုင် မှု နှင့် စပ် လျဉ်း ၍ အငြင်း ပွား မှု ပေါ် ပေါက် လာ မှာ ပဲ ဖြစ် ပါ တယ်။

မြေ ပိုင် ရှင် မှာ စာရွက် စာ တမ်း များ သာ ရှိ ပြီး မိမိ အမည် ပေါက် ပိုင် ဆိုင် သည့် မြေ ပေါ် တွင် ဝင်ရောက် ကျူး ကျော် နေ ထိုင် သည် ကို ကာလစည်း ကမ်း သတ် အတွင်း ဖယ် ရှား ခြင်း မပြုသည့် အတွက် ပိုင် ဆိုင် မှု အငြင်း ပွား ရခြင်း ပဲ ဖြစ် ပါတယ်။

တချို့ အငှား ချထား ခြင်း များ တွင် လဲ ငှား ရမ်းခြင်း စာချုပ် ကာလ ကျော် လွန် သော် လည်း ဖယ် ရှား ထွက် ခွာ ခြင်း မပြု ပါ က ကာလစည်း ကမ်းသတ် အတွင်း တရား စွဲ ဆို မှု ပြု ရပါ သည်။

မြေပိုင်ရှင်မှ မြေငှားဂရန် သက်တမ်းကျော်လွန်သော်လည်း သက်တမ်းတိုးလျှောက်ထားခြင်းမရှိဘဲ ဆက်လက် အသုံးပြုနေလျှင် အဆိုပါ မြေရှင်မှာလဲ ကျုးကျော်နေထိုင်သူအဖြစ်သို့ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

အစိုးရမြေကို ကျူးကျော်ခြင်းဖြစ်ပါက အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများအက်ဥပဒေ ပုဒ်မ-၂၁ အရ အမိန့်ထုတ်ပြန်ကာ နို့တစ်စာပေးပို့ပါတယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တဆင့် ဖယ်ရှားမှုပြုရန် စာကပ်ခြင်းများ ပြုနိုင်ပြီး တားဆီးခြင်း၊ ခုခံကာကွယ်ခြင်းများလဲ မပြုနိုင်ပါ။

လူပုဂ္ဂိုလ်ချင်း ကျူးကျော်သူများအား နှင်လိုမှု စွဲဆိုလိုပါက သီးခြားသက်သာခွင့်ဥပဒေပုဒ်မ-၈၊ ပုဒ်မ-၉ အရ တရားစွဲဆိုရမှာဖြစ်ပါတယ်။ သီးခြားသက်သာခွင့်(၉)အရ စွဲဆိုမည်ဆိုပါက တရားလိုသည် မရွှေ့မပြောင်းနိုင်ပစ္စည်းအား လက်ရှိဖြစ်ရမည်။ ထို့အပြင် အဆိုပါပစ္စည်းအပေါ်တွင် တရားလိုမှာ ဥပဒေအရမဟုတ်ဘဲ ဖယ်ရှားခြင်းခံရမည်ဖြစ်ကာ ပစ္စည်းလက်လွတ်ဖြစ်သည့်နေ့မှ ကာလစည်းကမ်းသတ် (၆)လအတွင်း တရားစွဲဆိုရမည်ဖြစ်ပါသည်။

တရားလိုမှ သီးခြားသက်သာခွင့်(၉)အရ တရားလိုမှ ပစ္စည်းအားဥပဒေနှင့်အညီ လက်ရှိထား ပိုင်ခွင့်ရှိကြောင်း၊ မတရားသဖြင့် လက်လွတ်ဆုံးရှုံးခဲ့ရကြောင်း၊ တရားပြိုင် ဥပဒေမဲ့ ရယူခြင်းဖြစ်ကြောင်း သက်သေခံချက် တင်ပြရန် လိုပါ သည်။ (ဦးချစ်ထွန်းနှင့်ဒေါ်ငွေဆောင် ၁၉၆၃ မတစ ၁၄၂)။ တရားပြိုင်ထံမှ တရားစရိတ်လဲ ထည့်သွင်း တောင်းဆိုခြင်း ပြုနိုင်ကာ ပြစ်မှုကြောင်း ပုဒ်မ- ၄၄၇၊၄၄၈၊၄၂၆ ဖြင့်လဲ တရားစွဲဆိုခြင်း ပြုနိုင်ပါသည်။

အိမ်ငှားများမှ အတင်းအဓမ္မ ဖယ်ရှားခံရလျှင်လဲ အိမ်ရှင်အပေါ် အိမ်ငှားမှ သီးခြားသက်သာခွင့်(၉)အရ တရားစွဲဆိုနိုင်ပါသည်။ (ဦးသန်းထွန်းနှင့် ယူနွတ် (ခ) တင်မြင့် ၁၉၉၃ခုနှစ် တရားမပထမအယူခံမှု အမှတ်-၆၃) သီးခြားသက်သာခွင့်(၈)အရ စွဲဆိုမည်ဆိုပါက မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ဆန့်ကျင်လက်ရှိသည့် (၁၂နှစ်) အတွင်း တရားစွဲဆိုရန်လိုအပ်သည်။

ပိုင်ဆိုင်မှုရှိကြောင်း တရားလိုမှ အထောက်အထားများ တင်ပြရမည်။ (ဦးကျော်ဝင်း နှင့်ဒေါ်ဆန်ဂါရာမား)၁၉၉၁ မတစ-၇) ။ တရားပြိုင်ဘက်မှလဲ ဆန့်ကျင်လက်ရှိထားသည်မှာ (၁၂နှစ်)ကျော် လွန်ပြီဖြစ် ကြောင်း အထောက်အထားများဖြင့် တင်ပြနိုင်ရမည်ဖြစ်သည်။ (ဦးအောင်သန်းပါ-၂နှင့် ဒေါ်မမကြီး-၁၉၆၄) အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်သူအား နှင်လိုမှုစွဲဆိုလိုလျှင်လဲ နို့တစ်ပေးပို့ပြီး အချိန်စေ့ရောက်သည့်နေ့မှ (၆)နှစ်အတွင်း တရားစွဲဆိုရမည်။

ခွင့်ပြုချက်ဖြင့် အခမဲ့ ထားသူထံ သီးခြားသက်သာခွင့်(၈)အရ ပစ္စည်းအား လက်ရောက်ရလို ကြောင်း တရားစွဲဆိုနိုင်သည်။ အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်သူမှာ (ဒေါ်ရှုတင်ပါ-၂နှင့် ဦးမောင်ဆင့် ၁၉၉၁၊ မတစ(ရုံးချုပ်) ၁၃၈) မည်သည့်အခါမှ ဆန့်ကျင်လက်ရှိနေထိုင်သူအဖြစ် ပိုင်ဆိုင်ခွင့်ရရှိမည်မဟုတ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါသည်။

Scroll to Top