Vacant Land မြေလွတ် မြေလပ် မြေရိုင်း

မြေ လွတ် မြေ လပ် နဲ့ မြေ ရိုင်း များ စီ မံ ခန့် ခွဲရေး ဥပဒေ ပုဒ်မ – ၁၀ မှာ သက် ဆိုင် ရာ စီ မံ ခန့် ခွဲ ရေးကော် မတီ များ ဖြစ် သည့် တိုင်း ဒေ သကြီး၊ ပြည် နယ် နဲ့ ပြည် ထောင် စု နယ် မြေ စီ မံ ခန့် ခွဲ ရေးကော် မတီ များ သည် ကျေး လက် တောင် သူ လယ် သမား များ နှင့် မိ သား စု တစ် နိုင် တစ် ပိုင် စိုက် ပျိုး ရေးနှင့် မွေး မြူ ရေး လုပ် ငန်း လုပ် ကိုင် လို သူ များ အ တွက် ဧက (၅၀) ထက် မ ပို စေ ဘဲ လုပ် ပိုင်ခွင့် ကို ခွင့်ပြုနိုင်သည်လို့ ပြဋ္ဌာန်းထားပါ တယ်။ ဒါကြောင့် မူလက စိုက်ပျိုး မွေးမြူရေးမလုပ်ခဲ့သော်လည်း တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် ရင်းနှီးလုပ်ကိုင်လိုလျှင် လျှောက်ထား ရယူပိုင်ခွင့်ရှိပါတယ်”

“ကာလအပိုင်းအခြားက ဘယ်နှနှစ် လုပ်ပိုင်ခွင့်ရပါသလဲ ဆရာ”

“ဒါနဲ့ ပတ်သက်လို့ ယင်းဥပဒေရဲ့ ပုဒ်မ-၁၆ မှာ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်အသုံးပြုခွင့် ရရှိသူသည် ခွင့်ပြုထားသည့် လုပ်ငန်းအမျိုးအစား၊ ယင်းနှင့် ဆက်နွယ်လျက်ရှိသော စီးပွားရေးလုပ်ငန်းကို သာလုပ်ကိုင်ရမည်။ လုပ်ပိုင်ခွင့်ရသည့် မြေကိုစတင်ခွင့်ပြုသည့်နေမှစ၍ လေးနှစ်အတွင်း သတ်မှတ်ချက် အတိုင်းလုပ်ငန်းပြီးသည့်အထိ ဖော်ထုတ်လုပ်ကိုင်ရမည်လို့ ဆိုလိုပါတယ်”

“အကယ်လို့ လေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မပြီးစီးခဲ့ရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ၊ သက်တမ်း တိုးပေးတာရှိပါသလား”

“သဘာဝဘေးအန်္တရာယ်ကြောင့်ဖြစ်စေ၊ တည်ငြိမ်အေးချမ်းမှုမရှိသော အခြေအနေကြောင့်ဖြစ်စေ၊ ကုန်လွန် သွားသည့်အချိန်အတွက် သတ်မှတ်ကာလကို ဗဟိုကော်မတီမှပြန်လည် ပြင်ဆင်ပေးနိုင်သည်လို့ ယင်းဥပဒေ ပုဒ်မ-၁၆(ခ)မှာ ဖော်ပြထားပါတယ်”

“အဲဒီမြေကို အငှားချထားတာ၊ ပြန်လည်ရောင်းချတာမျိုးတွေမရဘူးလား ဆရာ။ သူငယ်ချင်းကသူ့ငါးမွေး ကန် ရောင်းချင်လို့ဆရာ”

“ယင်းဥပဒေ ပုဒ်မ-၁၆(ဂ)မှာ ခွင့်ပြုထားသည့်မြေလွတ်မြေလပ်နှင့် မြေရိုင်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း၊ အခြားနည်းဖြင့်လွဲ ပြောင်းခြင်း သို့မဟုတ် ခွဲစိတ်ခြင်း မပြုရလို့ တားမြစ်ပိတ်ပင်ထားပါတယ်”

“သတ်မှတ်ကာလအတွင်း ဆောင်ရွက်မှုမရှိရင်မြေကိုပြန်သိမ်းမှာလား ဆရာ”

“ယင်း ဥပဒေ ပုဒ်မ-၂၂ (က-၃) မှာ ခွင့်ပြုထားသည့် မြေကိုစတင် ခွင့်ပြုသည့်နေ့မှ လေးနှစ်ကာလ ကျော်လွန်သည့်အထိ ဖော်ထုတ်လုပ်ကိုင်ခြင်း လုံးဝမပြုလျှင် ယင်းမြေကို နိုင်ငံတော်က ပြန်လည်သိမ်းယူပြီး မှတ်ယူရမယ်လို့ ဖော်ပြထားပါတယ်။ ဒါအပြင် ယင်းဥပဒေ ပုဒ်မ-၂၂(က-၄) အရ အကယ်၍ ခွင့်ပြုချက် ကာလအတွင်း သတ်မှတ်ချက်အတိုင်း လုပ်ငန်းမဆောင်ရွက်ပျက်ကွက်ပါက လုပ်ပိုင်ခွင့်ရုပ်သိမ်းသည့်အပြင် ပေးသွင်းထားသောအာမခံကြေးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမှာ ဖြစ်ပါတယ်။

Find this content useful? Share it with your friends!
Scroll to Top