စပါး အခြောက် တိုက် ရိုက် မျိုး စေ့ ချ စိုက် ပျိုး နည်း

စပါး အခြောက် တိုက်ရိုက် မျိုး စေ့ ချ စိုက် နည်း စနစ် အား မြန်မာ နိုင်ငံတွင် ရေ ကြီး ကွင်း၊ ရေ နက် ကွင်း များ၌ စိုက် ပျိုး လေ့ ရှိ ပါ သည်။ စိုက် ပျိုး ရေ ခက် ခဲ သော (သို့) အကန့် အသတ် ရှိ နေ သော ဒေ သ များ၊ ရေ ကြီး နစ် မြုပ် ဒေ သ များ၊ လယ် သီး ထပ် စော လျင် စွာ စိုက် ပျိုး လို သော ဒေသ များ၊ လုပ် သား အင် အား ခက် ခဲ သော ဒေသ များ တွင် အသုံး ပြု နိုင် ပြီး စိုက် ပျိုး နည်း စနစ် အား စနစ် တကျ လိုက် နာ ပါက စီးပွားရေး အကျိုး အမြတ် ရ ရှိ နိုင် သော စနစ် တစ် ခု ဖြစ် ပါသည်။
စိုက် ပျိုး နည်း ၏ အကျိုး ကျေးဇူး များ
လုပ်အား သက်သာ စေ သည်။ မြေ ပြု ပြင် ခြင်း အတွက် ရေ သုံးစွဲ မှု လျော့နည်း စေသည်။ ပျိုး နှုတ် ခြင်း၊ ရွှေ့ပြောင်း စိုက်ပျိုး ခြင်း၊ လုပ်ငန်း များ လုပ်ဆောင် ရန် မလိုအပ် ခြင်း ကြောင့် ကုန်ကျစရိတ် သက်သာ စေသည်။ ပြောင်းရွှေ့ စိုက်ပျိုး ခြင်း မ ပြုလုပ် ရ သည့်အတွက် အပင် ထိခိုက် မှု မ ရှိ ပါ။ အစော ပိုင်း မိုးရွာ သွန်း သည့် မိုးရေ ကို အသုံးပြု စိုက်ပျိုး ခြင်း ကြောင့် ရိတ်သိမ်း ချိန် စော စေ ပါသည်။

၁။စပါးမျိုးရွေးချယ်ခြင်းနှင့်မြေပြုပြင်ခြင်း
ရာသီဥတုဒဏ်ခံနိုင်သည့် အပင်ပေါက်စွမ်းအားကောင်းပြီး၊ အထွက်ကောင်းမျိုးသန့် စပါးမျိုးကို ရွေးချယ်စိုက်ပျိုးရပါမည်။ အခြောက်ထယ်ထိုးထွန်မွှေပါ။ ပေါင်းမြက်ကင်းစင်ရန်အတွက် ထယ်ထိုး၍ ထွန်ရေးညက်သည်အထိ ဆောင်ရွက်ပါ။ (၁၀)ပေခြား စိမ့်မြောင်းပတ်မြောင်းပြုလုပ်ပါ။ ကန်သင်းလုံအောင်ပြုလုပ်ပါ။
၂။မျိုးစေ့ချခြင်း
တစ်ဧကအတွက် မျိုးသန့်စပါးမျိုးစေ့ (၁-၂)တင်း အသုံးပြုရမည်။ မျိုးစေ့ကို မျိုးညှောင့်မဖောက်ဘဲ ကြဲပက်ခြင်း (သို့မဟုတ်) အတန်းလိုက်မျိုးစေ့ချခြင်း ဆောင်ရွက်ပါ။ထွန်ကြောင်းများဖော်ပြီး မျိုးစေ့ချခြင်း ဆောင်ရွက်ပါက အတန်းလိုက်ဖြစ်၍ ပေါင်းနှိမ်နင်းရန် လွယ်ကူပါသည်။ မျိုးစေ့ချရာတွင် လက်ဖြင့်ဖြစ်စေ (သို့မဟုတ်) စက်ဖြင့်ဖြစ်စေဆောင်ရွက်ပါ။ ကြွက်၊ငှက်တိရိစ္ဆာန်များ ဖျက်ဆီးခြင်းမှ ကာကွယ်ရန် အစေ့ချပြီးနောက် မြေကိုလုံအောင်ဖုံးအုပ်ပါ။ မျိုးစေ့ချပြီးနောက် မိုးသည်းထန်စွာရွာသွန်းပါကအပင်ပေါက်နှုန်း ထိခိုက်နိုင်ပါသည်။ အပင်ပေါက်ပြီးနောက် တစ်လအတွင်း ကောက်ပင်ဖာခြင်း ဆောင်ရွက်နိုင်ရန် အရန်ပျိုးထောင်ထားရန် လိုအပ်ပါသည်။

၃။မြေဩဇာကျွေးခြင်း
နွားချေးဆွေးနှင့် သဘာဝမြေဩဇာကို မြေခံအဖြစ် သုံးစွဲပါ။ ပုလဲဓါတ်မြေဩဇာအား အပင်ပွားစီးချိန်နှင့် အနှံမထွက်မီ(၅)ရက်အလိုတွင် အိတ်ဝက်စီ (တစ်အိတ်/ဧကနှုန်း)ထည့်သွင်းပါ။ မှို့ကပ်ချိန်တွင် ပိုတက်ရှ်မြေဩဇာ တစ်ဧကတစ်စိတ်(၁/၄အိတ်)/ဧကနှုန်း ထည့်သွင်းပေးပါ။ မြေဆီလွှာဓါတ်ခွဲခန်းများတွင် မြေဆီလွှာစမ်းသပ်စစ်ဆေး၍ ထောက်ခံချက်ပေးထားသော နှုန်းထားအတိုင်း ထည့်သွင်းအသုံးပြုသင့်ပါသည်။
၄။ရေသွင်းရေထုတ်ပြုလုပ်ခြင်းနှင့်ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း
အပင်ပေါက်ပြီးနောက် (၂)ပတ်အတွင်း အပင်ငယ်များ ရေမမြုပ်စေရန် သတိပြုရမည်။ ရေသွင်းရေထုတ်ကို လိုအပ်သလို ဆောင်ရွက်ပေးရမည်။ မှို့ကပ်ချိန်နှင့် ရင့်မှည့်ချိန်အကြားတွင် သွင်းရေလုံလောက်စွာ ရရှိရန်လိုပါသည်။ ရိတ်သိမ်းရာတွင် လွယ်ကူစေရန် ပန်းပွင့်စုံပြီးနောက် (၂၀-၂၅)ရက်အတွင်း ရေထုတ်ပေးရပါမည်။ ပေါင်းမြက်ထူထပ်ပါက စပါးအထွက်နှုန်းကို ထိခိုက်စေသည့်အတွက် ထိထိရောက်ရောက် ပေါင်းနှိမ်နင်းရန် လိုအပ်ပါသည်။ မြေကိုကောင်းစွာပြုပြင်ခြင်းဖြင့် ပေါင်းမြက်များအားနှိမ်နင်းနိုင်သည်။ အစိုစိုက်ပျိုးခြင်းနှင့် နှိုင်းယှဉ်ပါက ပေါင်းပေါက်ရောက်မှုများနိုင်၍ ပေါင်းနှိမ်နင်းခြင်းကို လက်ဖြင့်လည်းကောင်း၊ ပေါင်းသတ်ဆေးဖြန်းခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ပါ။ ပေါင်းပင်အမျိုးအစားပေါ်မူတည်၍ မှတ်ပုံတင်ထားသော ပေါင်းသတ်ဆေးကို ဆေးညွှန်းအတိုင်း တိကျစွာ အသုံးပြုပါ။

၅။ ပိုးမွားရောဂါကာကွယ်နှိမ်နင်းခြင်း
ပိုးမွားရောဂါ ကျရောက်ဖျက်ဆီးမှုရှိ/မရှိကို အမြဲမပြတ် ကွင်းဆင်းကင်းထောက်စစ်ဆေးပြီး ပိုးသတ်ဆေးကို လိုအပ်မှသာ အသုံးပြုပါ။ ပိုးမွှားရောဂါများ ရှင်သန်ခိုအောင်းရာနေရာဖြစ်သော ပေါင်းပင်နှင့် ပင်ကြွင်းပင်ကျန်များကို သုတ်သင်ရှင်းလင်းပါ။ ကြွက်ကြောင့် သီးနှံလေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန်အတွက် စိုက်ခင်း၏ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များကို ရှင်းလင်းခြင်း၊ ကြွက်ထောင်ချောက်ထောင်ခြင်း၊ ကြွက်ကပစ္စည်းများအသုံးပြုခြင်း စသည့်နည်းလမ်းများကို ဆောင်ရွက်သင့်ပါသည်။

၆။ ရိတ်သိမ်းခြင်း
စပါးနှံ၏ (၈၀-၈၅)ရာခိုင်နှုန်း ရင့်မှည့်ချိန် (မောင်းညိုချိန်)တွင် အလေအလွင့်အနည်းဆုံး နည်းလမ်းဖြင့် ရိတ်သိမ်းပြီး ချက်ချင်းချွေလှေ့၍ အခြောက်ခံပါ။ စပါးအစိုဓါတ်သည် မျိုးအတွက်(၁၃)ရာခိုင်နှုန်းနှင့် စားသုံးမည့်စပါးအတွက် (၁၄)ရာခိုင်နှုန်း လိုအပ်ပါသည်။