ခရစ် ယာန် ဟိန္ဒူ နှင့် အစ္စလာမ် ဘာသာ ဝင် များသာ သေ တမ်း စာ ပြု လုပ် ခွင့် ရှိ ပါ သည်။
မြန်မာ ဗုဒ္ဓ ဘာသာ ဝင် မိသားစု ဖြစ် ပါက အမွေဆက် ခံ မှု အား မြန်မာ ဓလေ့ ထုံး တမ်း ဥပဒေ နှင့်အညီ အမွေ ခွဲ ဝေ မှု ပြု လုပ် ရ မည် ဖြစ် ပါ သည်။
မြန်မာ ဓလေ့ ထုံး တမ်း ဥပဒေ အရ အမွေ ရှင် မှာ ၎င်း ၏ အမွေ အား လုံး မဟုတ် ဘဲ တစ် စိတ် တစ်ဒေ သအားသား သမီး မြေး၊ မောင် နှမ ဆွေ မျိုးများ ထံ တရား ဝင် မှတ် ပုံတင် စာချုပ် ဖြင့် ပေး ကမ်း ခြင်း ပြု နိုင် ပါ သည်။
အမွေပစ္စည်း အားလုံးအား ပေးကမ်းခြင်းပြုလျှင်လဲ ပျက်ပြယ်ပါသည်။ သေတမ်းစာသဘောသက်ရောက်သည့် မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်း စာချုပ်မှာလဲ ပျက်ပြယ်ပါသည်။ သေခံနီးဆဲဆဲ ချုပ်ဆိုသော ပေးကမ်းခြင်း စာချုပ်များမှာလဲ ပျက်ပြယ်ပါသည်။
အမွေရှင်သေဆုံးပြီးနောက်မှ ပစ္စည်း၏ အကျိုးခံစားခွင့်ပေးသော ပေးကမ်းများမှာလဲ ပျက်ပြယ်သောပါသည်။ပေးကမ်းခြင်းတွင် အနိုင်အထက်ပြုခြင်း၊ ခြိမ်းခြောက်ခြင်းပါလျှင်လဲ ပျက်ပြယ်ပါသည်။
ပေးကမ်းခြင်းမှာ မရွှ့မပြောင်းနိုင်သောပစ္စည်းကိုဖြစ်စေ၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းကိုဖြစ်စေ အမွေရှင်မှ ၎င်းတရားဝင် ပိုင်ဆိုင်သောပစ္စည်းအား ပေးကမ်းခြင်းပြုနိုင်ပါသည်။ မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်း စာချုပ် ချုပ်ဆိုမည်ဆိုပါက အောက်ပါအချက်အလက်များဖြင့် ပြည့်စုံမှုရှိ ရပါမည်။
– ပေးကမ်းခြင်းတွင် အဖိုးစားနားတစ်စုံတစ်ရာ ပါဝင်မှု မရှိရပါ။
– ပေးသူယူသူ သဘောတူညီမှုရှိကာ ပေးသူမှ ၎င်းသက်ရှိထင်ရှားရှိစဉ် ပစ္စည်းအား တပါတည်း လက်ရောက် လွှဲပြောင်းပေးအပ်နိုင်ရပါမည်။ – သက်သေ(၂)ဦး ပေးကမ်းခြင်းစာချုပ်တွင် လက်မှတ်ရေးထိုးရပါမည်။ – မရွှေ့မပြောင်းနိုင်သောပစ္စည်းအား ပေးကမ်းခြင်းများမှာ မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် ပေးကမ်းမှပေး ကမ်းခြင်း အထမြောက်ပါသည်။ – စည်းကမ်းချက်များထားရှိ၍ စာချုပ်တွင် ထည့်သွင်းချုပ်ဆိုကာ ပေးကမ်းခြင်းလဲ ပြုနိုင်ပါသည်။ – ပေးကမ်းခြင်းစာချုပ်အား မှတ်ပုံတင်အက်ဥပဒေပုဒ်မ-၁၇ ပါအတိုင်း မှတ်ပုံတင်ခြင်း ဆောင်ရွက်ရပါမည်။ – သတ်မှတ်တံဆိပ်ခေါင်းခွန်အားလဲ ထမ်းဆောင်ရပါမည်။ – ပေးကမ်းမှုပြုသော အိမ်ခြံမြေမှာ တရားရုံးတားဝရမ်း၊ ဘဏ်ကန့်ကွက်ချက်များ၊ အခြားသော ကန့်ကွက် ချက်များနှင့်လဲ ကင်းလွတ်ရမည်ဖြစ်ပါသည်။ – မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ပေးကမ်းခြင်းဖြစ်ပါက ပစ္စည်းစာရင်း၊ တည်နေရာအား တိကျစွာဖော်ပြရမည်။ သက်ဆိုင်ရာဌာနတွင် ပေးကမ်းခြင်းအတွက် မြေပုံ/မြေရာဇဝင်လဲ ထုတ်ယူရမည်ဖြစ်ပါသည်။ – မြန်မာဓလေ့ထုံးတမ်းဥပဒေအညီ ပေးကမ်းရမည်ဖြစ်ကာ ပစ္စည်းအားလုံးအား ပေးကမ်းခြင်းမဟုတ်ပါက ကျန်အမွေဆိုင်များမှ ကန့်ကွက်ခွင့်လဲ မရှိပါ။
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ သေတမ်းစာရေးခွင့်မရှိသော်လည်း အမွေရှင် သက်ရှိထင်ရှားရှိစဉ် တွင် မိသားစုအားလုံး စုံလင်စွာပါဝင်၍ မိသားစုစီမံမှုစာချုပ် ကြိုတင်ချုပ်ဆိုမှုပြုနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
