အောက် မြန်မာ နိုင်ငံ မြို့ နှင့် ကျေး ရွာ မြေ များ အက် ဥပဒေ၊ နည်း ဥပဒေ များ နောက် ဆက် တွဲ – ၁ အခန်း (၂) အရ မြို့မြေ စာရင်း ထဲ ပါ ဝင် သည့် မြေ ကွက် အား သာသနာ့ ဂရန် မြေ အဖြစ် ပြောင်း လဲ လှူ ဒါန်း ခြင်း ပြု နိုင် ပါ သည်။
ပြည် ထဲ ရေး ဝန်ကြီး ဌာန မှ အမိန့် ကြေငြာ စာ ခွင့် ပြု ချက် ပါ ရှိ ရ ပါ မည်။ မိမိ ပိုင် ဘိုးဘွား ပိုင် မြေ အား သာသနာ့ ဂရန် မြေ အဖြစ် ပြောင်း လဲ လျှောက် ထား လို ပါ က လဲ မြေ ပိုင် ဆိုင် မှု ကို မှတ် ပုံ တင် စာချုပ် ဖြင့် စွန့်လွှတ် ပြီး လျှောက် ထား မှု ပြုရ မည် ဖြစ် ပါ သည်။ ဂရန် မြေ ဖြစ် ပါက ပြန် အပ် ကြောင်း ကြေ ညာ စာတမ်း ရေး သား တင် ပြနိုင် ရမည်။
သာသနာ့ ဂရန် မြေ အဖြစ် လျှောက် ထား သည့် အခါ တွင် လဲ ကျောင်း မှ ဂေါ ပကမှ ဖြစ် စေ၊ ဘာသာရေး အဖွဲ့ အစည်း မှ ဖြစ် စေ ဦးစီးဦး ဆောင် ပြု၍ ဖြစ်စေ လျှောက်ထားနိုင်ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြေငြာစာ၊ လျှောက်ထားသူ၏ သာသန့ဝင် မှတ်တမ်းတို့ပါဝင်၍ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လျှောက်ထားရန်လိုပါသည်။
လျှောက်ထားသူမှ သတ်မှတ်လျှောက်လွှာပုံစံတွင် ၎င်း၏အဖွဲ့အစည်း၊ တာဝန်ရာထူးနှင့်တကွ၊ မြေကွက်နှင့် သက်ဆိုင်သည် ဦးပိုင်အမှတ်၊ ကွင်းအမှတ်၊ ကျေးရွာအုပ်စု၊ ရပ်ကွက်နှင့် မြေမှတ်တမ်း၊ မြေဧရိယာဧကအားလဲ မြေပုံ/မြေရာဇဝင် ထုတ်ယူ၍ တင်ပြပေးရမည်။ ကျောင်းအဆောက်အအုံရှိနေလျှင်လဲ ကျောင်း၊ ဇရပ်၊ အဆောက်အအုံအား ဓာတ်ပုံမှတ်တမ်းများတင်ပြပေးရမည် ဖြစ်ပါသည်။ ကျောင်းအဆောက်အဦး ဆောက်လုပ်ရန်ရှိနေပါကလဲ အဆောက်အအုံ Drawing ပုံ ၊ Size View များ ဖော်ပြရမည်။ မြေပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ မြေအရောင်းအဝယ်စာချုပ်၊ ပေးကမ်းခြင်းစာချုပ်၊ လှူဒါန်းခြင်း စာချုပ်၊ တရားရုံးအမိန့်ရှိလျှင် အမိန့်၊ ဂရန်မြေ မဟုတ်ပါက မြေချပါမစ်၊ မြေချစလစ်တို့ တင်ပြနိုင်ရမည်။
သံဃာနာယကအဖွဲ့ဥက္ကဌ၏ အခွန်လွတ်သာသနာမြေနေရာ သတ်မှတ်ခွင့်ပြုရေးနှင့် စပ်လျဉ်း၍ သဘောထားမှတ်ချက်၊ ပြည်နယ်/တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှူး၏ သဘောထားမှတ်ချက်၊ ကျောင်းဂေါပကများ၏ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း၊ ခရိုင်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေး ထောက်ခံချက်တို့ လိုအပ်ပါသည်။
အထွေထွေအုပ်ချုပ်ရေးမှူးမှ အခွန်လွတ်သာသနာ့ဂရန်မြေ လျှောက်ထားမှုူအား အမှုတွဲဖွင့်လှစ်ပြီးပါက အခွန်အတွက်မှတ်ချက်ပြုနိုင်ရန် မြေစာရင်းဦးစီးဌာနသို့ အမှုတွဲပေးပို့မည်ဖြစ်ပါသည်။ ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနသည် သာသနာ့အခွန်လွတ်ဂရန်မြေအဖြစ် ချထားပေးရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့်ဘဏ္ဏာတော်မင်းကြီး အခွင့်အာဏာရ ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်အားရယူမည်ဖြစ်ပါသည်။
မြေတိုင်းမှ ကွင်းဆင်းစစ်ဆေးသည့်အခါတွင်လဲ မြို့တော်နယ်နမိတ်အတွင်း ကျရောက်ခြင်းရှိမရှိ၊ ပြည်ထဲရေး အမိန့်ကြေငြာစာပါအတိုင်း မြေဧရိယာအကျယ်အဝန်းများနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးမည်ဖြစ်ပါသည်။ မြို့နှင့် ကျေးရွာမြေများ လက်စွဲဥပဒေ နည်းဥပဒေ- ၅၈ အရလဲ ကန့်ကွက်ရှိမရှိ နို့တစ်စာကြော်ငြာစာများ ထုတ်ပြန်မည်ဖြစ်ပါသည်။
လျှောက်ထားသည့်စာရွက်စာတမ်းပါ အချက်အလက်များ ကိုက်ညီမှုရှိသည့်အခါ မြို့မြေစာရင်းတွင် မှတ်သားပြီး အခွန်လွတ်သာသာနာ့မြေ(ပတ္တာစာချုပ်) ထုတ်ပေးမည်ဖြစ်ပါသည်။ သာသနာ့မြေအား မြို့မြေစာရင်းတွင် မြစိမ်းရောင်အနား သတ်ဆေးခြယ်က Block Map အား မှတ်သားထားရှိကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
