Home
Knowledge
Agriculture
Property
Facebook
Hamburger Toggle Menu
အိမ် ခြံ မြေ မှတ် ပုံ တင်အရောင်း အဝယ် စာချုပ်
စာချုပ် စာတမ်း များ မှတ် ပုံ တင် အခန်း (၃) အရ မှတ် ပုံ မတင် မနေ ရ စာချုပ် စာတမ်း အဖြစ် သတ် မှတ် ထား သော စာချုပ် စာတမ်း ကို မှတ် ပုံ တင် ထား ရှိ ရန် လို ပါ သည်။ အဆိုပါ စာချုပ် များ မှာ မရွှေ့ မပြောင်း နိုင် သော အိမ်၊ ခြံ၊ မြေ ပစ္စည်း များ နှင့် ဆက် စပ် သည့် ရောင်း ချ ခြင်း၊ ကြေ ညာ ခြင်း၊ လွှဲ အပ် ခြင်း ၊ ကန့် သတ် ခြင်း၊ စွန့် လွှတ် ခြင်း၊ ဖျက် သိမ်း ခြင်း စာချုပ် များ ပင် ဖြစ် ပြီး ၎င်း စာချုပ် များ မှာ တန် ဖိုး ငွေ ကျပ် တစ်သိန်း နှင့် အထက် ရှိ ပါ က မဖြစ် မနေ မှတ် ပုံ တင် ခြင်း ပြု မှ ပိုင် ဆိုင် မှု ခိုင် မာ ပါ သည်။ အိမ် ခြံ မြေ အား လူ ပုဂ္ဂိုလ် အနေ ဖြင့် လွှဲ ပြောင်း ခြင်း ဖြစ် စေ၊ အဖွဲ့ အစည်း ကုမ္ပဏီ တစ် ရပ် အနေ ဖြင့် လွှဲ ပြောင်း ခြင်း ဖြစ် စေ မှတ် ပုံ တင် ခြင်း ဆောင် ရွက် ထား ရှိ မှ စာချုပ် စာတမ်း ခိုင် မာ မှု ရှိ ပါ သည်။ထို့ ပြင် ပုဒ်မ ၁၆ (ခ) သေ တမ်း စာ မဟုတ် သော စာချုပ် စာတမ်း များ၊ ပိုင် ဆိုင် ခွင့် အပေါ် တရား ရုံး မှ ချမှတ် သည့် စီရင် ချက်၊ ဒီကရီ၊ အမိန့်များ၊ ပုဒ်မ- ၁၆(ဂ)အရ ပေါင်နှံခြင်းများတွင် ပိုင်ဆိုင်ခွင့်စာချုပ်ကို အပ်နှံ၍ ငွေချေးခြင်းမှတစ်ပါး အခြားပုံစံဖြင့် ပေါင်နှံခြင်းများတွင် တစ်သိန်းနှင့်အထက်ဖြစ်ပါက မှတ်ပုံတင်ရန်လိုအပ်ပါသည်။ပုဒ်မ-၁၆(ဂ)အရ အိမ်ခြံမြေအား ငှားရမ်းခြင်းများတွင်လဲ တစ်နှစ်ငှားခြင်းထက်ပိုသော တစ်နှစ်ပြီးတစ်နှစ် ဆက်တိုက်ငှားရမ်းခြင်းများတွင် ငှားရမ်းခြင်းစာချုပ်အား မှတ်ပုံတင်ရှိရပါမည်။ထို့ပြင် နိုင်ငံတော်မှအခါအားလျော်စွာမှတ်ပုံတင်ရန် သတ်မှတ်သည့်စာချုပ်စာတမ်းများ၊ ကိတ္ထိမသားသမီးမွေးစားခြင်း စာချုပ်စာတမ်းများမှာလဲ မဖြစ်မနေမှတ်ပုံတင်ရန် သတ်မှတ်သည့်စာချုပ်စာတမ်းများထဲတွင် ပါဝင်ပါသည်။မှတ်ပုံတင်ရမည့် စာချုပ်စာတမ်းတစ်စောင်မှာ မှတ်ပုံတင်ခြင်းမပြုပါက ဥပဒေအရ ပိုင်ဆိုင်ခွင့်မရသေးပါ။ မိမိမှ ပြန်လည်လွှဲပြောင်းသည့်အခါတွင်လဲ ဥပဒေအရပိုင်ဆိုင်ခွင့် ခိုင်မာမှုမရှိသဖြင့် အရောင်းအဝယ်ခက်သလို တရားဝင်လွှဲပြောင်း ရောင်းချခွင့်လဲရှိမည်မဟုတ်ပါ။ အရပ်ကတိ အရောင်းအဝယ်စာချုပ်များဖြင့် ဝယ်ယူခြင်းမှာ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေအရသာ ပစ္စည်းအားလွှဲပြောင်းလက်ခံခြင်းဖြစ်ပါသည်။အရပ်ကတိစာချုပ်ဖြင့် မြေကွက်အား မူလအမည်ပေါက်ထံမှ လက်ရောက်ရယူထားကာ အရောင်းအဝယ် ပြုထားကြပြီး အငြင်းပွှားမှုပေါ်ပေါက်လျှင် ဝယ်ယူသူမှာပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ- ၅၃(က)ဖြင့်သာ ခုခံကာကွယ်ပိုင်ခွင့်ရှိပါသည်။ ရောင်းချသူမှာ မူလအမည်ပေါက် ပိုင်ရှင်မဟုတ်ဘဲ အရပ်ကတိအရောင်းအဝယ်စာချုပ်ဖြင့် ဝယ်ယူသူထံမှ တဆင့်ဝယ်ကာ မူလအမည်ပေါက်နှင့် အငြင်းပွှားမှုဖြစ်ပေါ်ကြလျှင်လက်ရှိဝယ်သူမှာ ပစ္စည်းလွှဲ ပြောင်းခြင်းဥပဒေ ပုဒ်မ-၅၃(က) အရ ငြင်းဆိုကာ ကာကွယ်ခုခံပိုင်ခွင့်မရှိတော့ပါ။(ဒေါ်တင်တင်လှနှင့် ဦးသန်းလွင် (ခ) အော် လီပါ-၂၊ ၁၉၉၂၊မတစ၊၆၀) ထို့ကြောင့် အိမ်ခြံမြေဝယ်ယူလျှင် သတ်မှတ်ကျသင့်အခွန်များ ထမ်းဆောင်၍ အရပ်ကတိစာချုပ်ချုပ်ဆို ပြီး (၄)အတွင်း သက်ဆိုင်ရာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းတည်ရှိရာ အရပ်ဒေသရှိ စာချုပ်စာတမ်းမှတ်ပုံတင် ရုံးတွင်မှတ်ပုံတင်ထားရှိရပါမည်။ (၄)လကျော်လွန်ပါကလဲ ပုဒ်မ-၂၅ ပါအတိုင်း ဒဏ်ကြေးထမ်းဆောင်ကာမှတ်ပုံတင်အရာရှိမှ ခွင့်ပြုပါက မှတ်ပုံတင်ရှိနိုင်ပါသေးသည်။ ပြည်ပနိုင်ငံအတွင်းချုပ်ဆိုသော စာချုပ်ဖြစ်ပါကလဲ နိုင်ငံအတွင်းရောက်ရှိသော (၄)အတွင်း မှတ်ပုံတင်ခြင်းပြုရပါမည်။မှတ်ပုံတင်ရာ၌ မရွှေ့မပြောင်းနိုင်သောပစ္စည်းဖြစ်သည့်အတွက် သက်ဆိုင်ရာ မြေစာရင်းဌာန၊ မြေစီမံခန့်ခွဲ မှုကော်မတီထံတွင် မြေပုံ/မြေရာဇဝင် အရင်ထုတ်ယူပြီး အဆိုပါသက်သေခံမြေပုံ-(၂)ပုံအား ပူးတွဲတင်ပြပေးရပါမည်။ မှတ်ပုံမတင်သော အရပ်ကတိစာချုပ်ဖြင့် ဝယ်ယူခြင်း (သို့) မှတ်ပုံတင်ခြင်းဆုံးခန်းမတိုင်ဘဲ အရောင်းအဝယ် တစ်ဝက်တစ်ပျက်သာ ဆောင်ရွက်ပြီးသူမှာ ဂရန်အမည်ပြောင်းဆောင်ရွက်လိုသည့်အခါများတွင် ပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေလိုမှုဖြင့် ရောင်းချသူအားတရားစွဲဆိုမှုပြုပြီးမှ အမည်ပြောင်းဆောင်ရွက်နိုင်ပါသည်။ အရပ်ကတိ စာချုပ်ဖြင့်ဝယ်ယူပိုင်ဆိုင်သူမှာ ၎င်းမှ ပိုင်ရှင်ဖြစ်ကြောင်း သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ - ၄၂ အရ ပိုင် ဆိုင်ကြောင်း မြွတ်ဟကြေညာပေးစေလိုမှု တရားစွဲဆိုခွင့်လဲ မရှိပါကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
Copyright © 2026 SYK Group MM All Rights Reserved
Login
Scroll to Top