၂၀၁၆ ခုနှစ် တွင် စုပေါင်း ပိုင် အဆောက် အအုံ ဆိုင်ရာ ဥပဒေ ထွက် ရှိ ထား ပါ သည်။ အဆို ပါ ဥပဒေ ၏ ပုဒ်မ ၂ (က) အရ (၆) ထပ် နှင့် အထက် ရှိ သော စုပေါင်း ပိုင် အဆောက် အအုံ ဆောက် လုပ် လို ပါ က စတုရန်း ပေ ၂၀၀၀၀ နှင့် အထက် ရှိ သော မြေ ပေါ် တွင် ဆောက် လုပ် ရမည်။ မြေ အမျိုး အစား မှာ လူ နေ ရာ အဖြစ် ဆောက် လုပ် ခွင့် ရှိ သော မြေ၊ ပိုင်ဆိုင်ခွင့် လွှဲ ပြောင်း နိုင် သော ဥပမာ – ဂရန်၊ မြေ ပိုင် မြေ တွင် ဆောက် လုပ် နိုင် သည့် အပြင် အစိုးရ မှ ခွင့် ပြု မြေ အမျိုးအစား တစ် ခုခု ပေါ် တွင် လဲ စုပေါင်း ပိုင် အဆောက် အအုံ ဆောက် လုပ် ခြင်း ပြု နိုင် ပါ သည်။ မြေ အား စုပေါင်း ပိုင် မြေ အဖြစ် ပြောင်း လဲ မှတ် ပုံတင် ပြီး မှ ဆောက် လုပ် ရပါ မည်။
စုပေါင်း ပိုင် မြေ အဖြစ် အမည် ပြောင်း လဲ မှတ် ပုံ တင် လို သူ သည် ကျသင့် ခွန် များ အား လဲ ထမ်း ဆောင် ရန် လို အပ် ပါ သည်။ စုပေါင်း ပိုင် အဆောက် အဦး ဆောက် လုပ် သူသည် တည် ထောင်သူ အဖြစ် မတည် ငွေ ရင်း ရှိ ရမည် ဖြစ် ကာ လုပ် ငန်း လိုင် စင် လျှောက် ထား ရန် လိုပါ သည်။ လုပ်ငန်း လိုင် စင် ၏ သက် တမ်း မှာ (၅) နှစ် ဖြစ် ပြီး သက် တမ်း တိုး ဆောင် ရွက် ခွင့် ရှိ ပါ သည်။
စုပေါင်း ပိုင် မြေ အား အခန်း များ အား လုံး မှ မူလ အချိုး သင့် အတိုင်း ပိုင် ဆိုင် ခွင့် ရှိ ပြီး အခန်း ၏ အရေ အ တွက် (၄၀%) အား နိုင်ငံ ခြား သား ရောင်း ချခွင့် ရှိ ပါ သည်။ နိုင်ငံ ခြား သား များ အား တရားဝင် ဌား ရမ်း ခြင်း၊ ပေါင် နှံ ခြင်း၊ ရောင်း ချခြင်း ပြု သည့် အခါ နိုင်ငံ ခြား မှ တရား ဝင် လွှဲ ပို့ လာသော နိုင်ငံ ခြား ငွေ ဖြင့် သာ ဆောင် ရွက် နိုင် ပါ သည်။
အဆောက် အအုံ ပြီးစီးကြောင်း လက် မှတ်ရရှိ သော အခါ ရက်ပေါင်း (၃၀) အတွင်း အခန်း များအား မှတ် ပုံတင် ရှိရမည် ဖြစ်ကာ အိမ် ခန်း မှတ်ပုံ တင် လက် မှတ် များ ကို ပုံစံ (၉) ဖြင့် ထုတ် ပေး ပါ သည်။ စုပေါင်း ပိုင် အဆောက် အအုံ အတွင်း ရှိ ကွန်ဒို အခန်း ဖြစ် ပါက ဘဏ် တွင် ပေါင် နှံထား ရှိ ခွင့် လဲ ရှိ ပါ သည်။
စုပေါင်း ပိုင် အဆောက်အအုံ စီမံခန့်ခွဲရေးအတွက် နေထိုင်သူများမှ အမူဆောင် ကော်မတီတစ်ရပ် ဖွဲ့စည်းထားရှိရပါမည်။ စုပေါင်းပိုင် အဆောက် အအုံ ပြင် ဆင်ရန်၊ တိုးချဲ့ ရန် လို အပ်သည့် အခါတွင်လဲ အဆိုပါ အခန်း နေထိုင် ပိုင် ဆိုင်သူ (၇၅%) ၏ သဘော ညီချက် ဖြင့် ကော် မတီ မှ ဆောင် ရွက်ခွင့် ရှိ သည်။
