Home
Knowledge
Agriculture
Property
Facebook
Hamburger Toggle Menu
မြေ လွတ် မြေ လပ် မြေ ရိုင်း
မြေ လွတ် မြေ လပ် နဲ့ မြေ ရိုင်း များ စီ မံ ခန့် ခွဲရေး ဥပဒေ ပုဒ်မ ၁၀ မှာ သက် ဆိုင် ရာ စီ မံ ခန့် ခွဲ ရေး ကော်မတီ များ ဖြစ် သည့် တိုင်း ဒေ သကြီး၊ ပြည် နယ် နဲ့ ပြည် ထောင် စု နယ် မြေ စီ မံ ခန့် ခွဲ ရေးကော်မတီ များ သည် ကျေး လက် တောင် သူ လယ် သမား များ နှင့် မိ သား စု တစ် နိုင် တစ် ပိုင် စိုက် ပျိုး ရေး နှင့် မွေး မြူ ရေး လုပ် ငန်း လုပ် ကိုင် လို သူ များ အ တွက် ဧက (၅၀) ထက် မ ပို စေ ဘဲ လုပ် ပိုင် ခွင့် ကို ခွင့် ပြု နိုင် သည် လို့ ပြ ဋ္ဌာန်း ထား ပါ တယ်။ ဒါ ကြောင့် မူလက စိုက် ပျိုး မွေး မြူ ရေး မလုပ် ခဲ့ သော် လည်း တစ် နိုင် တစ် ပိုင် စီးပွားရေး လုပ် ငန်း အဖြစ် ရင်း နှီး လုပ် ကိုင် လို လျှင် လျှောက် ထား ရ ယူ ပိုင် ခွင့် ရှိ ပါ တယ်။ ယင်းဥပဒေရဲ့ ပုဒ်မ ၁၆ မှာ မြေ လွတ် မြေ လပ် နှင့် မြေ ရိုင်း များ လုပ် ပိုင် ခွင့် အသုံး ပြု ခွင့် ရ ရှိ သူ သည် ခွင့် ပြု ထား သည့် လုပ် ငန်း အမျိုး အစား၊ယင်း နှင့် ဆက် နွယ် လျက် ရှိ သော စီးပွားရေး လုပ် ငန်း ကို သာ လုပ် ကိုင် ရ မည်။ လုပ် ပိုင် ခွင့် ရ သည့် မြေ ကို စတင် ခွင့် ပြု သည့် နေ မှ စ၍ လေး နှစ် အတွင်း သတ် မှတ် ချက် အတိုင်း လုပ် ငန်း ပြီး သည့် အ ထိ ဖော် ထုတ် လုပ် ကိုင် ရမည် လို့ ဆို လို ပါ တယ်။ သဘာဝ ဘေး အန်္တရာယ် ကြောင့် ဖြစ် စေ တည် ငြိမ် အေး ချမ်း မှု မ ရှိ သော အခြေ အနေ ကြောင့် ဖြစ် စေ ကုန်လွန် သွား သည့် အချိန် အတွက် သတ် မှတ် ကာလ ကို ဗဟို ကော်မတီ မှ ပြန် လည် ပြင် ဆင် ပေး နိုင် သည် လို့ ယင်း ဥပဒေ ပုဒ်မ ၁၆ (ခ) မှာ ဖော် ပြ ထား ပါတယ်။ ယင်း ဥပဒေ ပုဒ်မ ၁၆ (ဂ) မှာ ခွင့် ပြု ထား သည့် မြေ လွတ် မြေ လပ် နှင့် မြေ ရိုင်း များ ကို ပြည်ထောင်စု အစိုးရ အဖွဲ့ ၏ ခွင့် ပြု ချက် မရ ရှိဘဲ ပေါင် နှံ ခြင်း၊ ပေး ကမ်းခြင်း၊ ရောင်း ချခြင်း၊ အငှား ချထား ခြင်း၊ အခြား နည်း ဖြင့် လွဲ ပြောင်း ခြင်း သို့ မဟုတ် ခွဲစိတ်ခြင်း မပြု ရလို့ တား မြစ် ပိတ် ပင် ထား ပါ တယ်။ ယင်း ဥပဒေ ပုဒ်မ ၂၂ (က-၃) မှာ ခွင့် ပြု ထား သည့် မြေ ကို စတင် ခွင့် ပြု သည့် နေ့ မှ လေး နှစ် ကာလ ကျော် လွန် သည့် အထိ ဖော် ထုတ် လုပ် ကိုင် ခြင်း လုံးဝ မပြု လျှင် ယင်း မြေ ကို နိုင်ငံတော် က ပြန် လည် သိမ်း ယူပြီး မှတ် ယူရ မယ် လို့ ဖော် ပြ ထား ပါ တယ်။ ဒါ အပြင် ယင်း ဥပဒေ ပုဒ်မ ၂၂ (က-၄) အရ အကယ်၍ ခွင့် ပြု ချက် ကာလ အတွင်း သတ် မှတ် ချက် အတိုင်း လုပ် ငန်း မဆောင် ရွက် ပျက် ကွက် ပါက လုပ် ပိုင် ခွင့် ရုပ် သိမ်း သည့် အပြင် ပေး သွင်း ထား သော အာမခံ ကြေး ကို နိုင်ငံတော် ဘဏ္ဍာ အဖြစ် သိမ်း ဆည်း ခံ ရမှာ ဖြစ် ပါတယ်။
Copyright © 2026 SYK Group MM All Rights Reserved
Login
Scroll to Top